မော်လိုက်မြို့၌ ၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ


MNP ၊    ဇွန်   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးနှင့် အထက ကျောင်းတို့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။


မော်လိုက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန နှစ်ခုဖြစ်သည့် အထက(မော်လိုက်) နှင့် အထက(ကင်းတပ်)တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖြေဆိုသူ ပေါင်း(၁၉၇)ဦး ပါဝင် ဖြေဆိုခဲ့၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ စုစုပေါင်း(၁၄၁)ဦး ရှိခဲ့ပြီး၊ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ အနေဖြင့်  တစ်ဘာသာ ဂုဏ်ထူး(၂၅) ဦး၊ နှစ်ဘာသာ ဂုဏ်ထူး(၂၂)  ဦး၊ သုံးဘာသာဂုဏ်ထူး(၁၈) ဦး၊ လေးဘာသာဂုဏ်ထူး(၁) ဦး  ဂုဏ်ထူးရ ကျောင်းသား/သူ စုစုပေါင်း(၆၆)ဦး ထွက်ပေါ်ခဲ့ကြောင်းသိရသည်။


မော်လိုက်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းမှာ(၄၈.၅၄) ရာခိုင်နှုန်း သာ ရှိခဲ့ပြီး၊ ယခု ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း(၇၁.၅၇)ရာခိုင်နှုန်း ရှိလာသဖြင့် ယခုနှစ်တွင် အောင်မြင်သူရာခိုင်နှုန်း ယခင်နှစ်ကထက် တိုးတက်လာကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)