Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ






MNP ၊    ဇွန်   ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နေ့လည်ပိုင်းက  မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့် ပတ်သက်၍ မောင်တောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦး‌မောင်သိန်းဦးက ချေးငွေထုတ်ယူသည့် တောင်သူများအား လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ တပ်ဦးချောင်းကျေးရွာအုပ်စု၊ ကံသာယာကျေးရွာရှိ  တောင်သူ (၃၀)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက (၆၈)ဧကအတွက် (၁၀၂၀၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment