သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ


MNP ၊    ဇွန်   ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား အမျိုးအစားဆိုင်ရာ သိကောင်းစရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါ အကြောင်းအရာများ၊ ကလေးအလုပ်သမားများအား ဖယ်ရှားကုစားမှု လုပ်ဆောင်ချက် သိကောင်းစရာများ၊ ကလေးအလုပ်သမား အဓိပ္ပါယ်နှင့် အသက်အရွယ် အပိုင်းအခြားဆိုင်ရာများ၊ ကလေးအလုပ်သမားများ အရွယ်မတိုင်မီ လုပ်ငန်းခွင်အတွင်း ရောက်ရှိလာရသည့် အကြောင်းအရင်းများနှင့် အလုပ်ချိန် ကန့်သတ်ချက်ဆိုင်ရာများ၊ ကလေး အလုပ်သမား ပပျောက်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ကလေးအလုပ်သမားများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်းမပြုရန် စသည့်စိတ်ဝင်စားဖွယ် အကြောင်းအရာများဖြင့် အသိပညာပေး ဆွေးနွေးခဲ့သည်။


သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/သူများအား အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး(Talk Show) အစီ အစဉ်များကို လစဉ် ရိုက်ကူး၍ Online Page မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုးပိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)