Pages

Pages

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ် Talk Show ပြုလုပ်




MNP ၊    ဇွန်   ၅

၂၀၂၃ ခုနှစ် ၊ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ အသိပညာပေး Talk Show ကို ယမန်နေ့ ညနေပိုင်းအချိန်က မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်း ကို မေးမြန်းရာ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဆန်းကျော် က ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား နှစ်စဉ် ဇွန်လ (၅) ရက်နေ့တွင် ကုလသမဂ္ဂအ ထွေထွေ ညီလာခံက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို သတ်မှတ်ခဲ့ပြီး ၁၉၇၄ ခုနှစ်က စတင်ခဲ့၍ နှစ်စဉ် နိုင်ငံပေါင်း (၁၄၃) နိုင်ငံကျော်ကျင်းပ၍ ယနေ့တိုင်ကျင်းပလျှက်ရှိပြီး ပလစ်တစ်နှင့် ဆက် စပ်အမှိုက်များ၏ ဆိုးကျိုးများအကြောင်း၊ အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဖြစ်ပွားနိုင်သော ရောဂါများအကြောင်း၊ သာမာန်အမှိုက်နှင့်ပလတ်စတစ် ၊ပလတ်စတစ်ရောနှော ပစ္စည်းအမှိုက် များဆွေးမြေ့မည့်ကြာမြင့်ချိန်၊ ပလတ်စတစ်ညစ်ညမ်းမှု လျော့ချနိုင်မည့်နည်းလမ်းများ စသော အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား၌ မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများက  ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရှိသော ကျောင်းသူ/ ကျောင်းသားများကို  တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment