Pages

Pages

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သိုးမွှေးချည်ဖြင့် ခေါင်းစည်းကွင်းထိုးနည်း သင်တန်းဖွင့်လှစ်


MNP ၊    ဇွန်   ၁၇

ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ သိုးမွှေးချည်ဖြင့် ခေါင်းစည်းကွင်းထိုးနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်နန်းမေစုအောင်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းတွင် သင်တန်းနည်းပြတစ်ဦးက သိုးမွှေးတစ်ချောင်းထိုး၊ တိုင်တို၊ တိုင်လတ်၊ တိုင်ရှည်ထိုးနည်း၊ အခြေခံချည်နှင့် အပ်ကိုင်နည်း၊ ခေါင်းစည်းကွင်းထိုးနည်းများကို သင်တန်းသူများအား ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။


ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Women Club နှင့် ပူးပေါင်းကာ ယခုသင်တန်းအပြင် အမျိုးသမီးများအတွက် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment