Pages

Pages

ကျိုင်းလပ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲကျင်းပ



MNP ၊    ဇွန်   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စာအုပ်ပြပွဲတွင်‌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထများရရှိကာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မူရရှိစေရန် ရည်ရွယ်ကာသုတ၊ ရသစာအုပ်များဖြင့် စုံလင်စွာ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာဖတ်ရှူ့ခဲ့ကြကြောင်း သိရသည်။


မေဇင်ဦး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment