Pages

Pages

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေး၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေထိန်းတာတမံများနှင့် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား သွားရောက်စစ်ဆေး





MNP ၊    ဇွန်   ၂

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနေမှုအား သွားရောက်၍ ကြည့်ရှုအားပေးပြီး မုန်တိုင်း အန္တရာယ်ကြိုတင်ကာကွယ်ရေး ရေထိန်းတာတမံများနှင့် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များ အား ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄  ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနေမှုအား  ကြည့်ရှု၍  အားပေးစကား ပြောကြားပြီး မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည့် ပြင်ဖြူမော် ရပ်ကွက်ရှိ ရေထိန်းတာမံ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ဆိုင်ကလုန်းရှယ်တာ (Cyclone Shelter)များကို သွားရောက်ကြည့်ရှုူစစ်ဆေးရာ တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment