MNP ၊ ဇွန် ၁၁
ဘားအံမြို့နယ်၊ နောင်ကျန်ရွာ ကားလမ်းဘေးရှိ နေအိမ်တွင် ညအိပ်တည်းခိုနေသော ဦးဇော်မင်းထွန်း (၄၇)နှစ် သည် ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် KNU/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ဦးဇော်မင်းထွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ခရစ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့က ၎င်း၏သားကျောင်းထွက်လက်မှတ်ကို မြဝတီမြို့မှ သွားယူပြီး ပြန်လာရာ နောင်ကျန်ရွာ ကားလမ်းဘေးအိမ်တွင် ညအိပ်တည်းခိုစဉ် ထိုသို့ လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment