Pages

Pages

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပ


MNP ၊ ဇွန် ၈  

 ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ပိုင်းတွင်ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV ကနှုတ်ခွန်းဆက်စကားပြောကြားသည်၊၊

ယင်းနောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ယဉ်ကျေးမှု အကအဖွဲ့ တို့ကရိုးရာ ယဉ်ကျေးမှုအဆို အကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်၊၊

ထို့နောက် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက် ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV တို့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ကိတ်ကိုလှီးဖြတ်ပေးကြသည်၊၊

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးတို့သည် ဧည့်ခံပွဲအခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံသည်။                             

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသတ်ပုံနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment