မာန်အောင်မြို့နယ်၌ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသောပြည်သူများအတွက်MRTV Satelliate Band စက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့နယ်၌ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသောပြည်သူများအတွက်MRTV Satelliate Band စက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ






 MNP ၊ မေ  ၃၁

  ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆက်သွယ်ရေးမပြတ်တောက်စေရန် ပြန်ကြားရေးဝန်ကြီးဌာနမှပေးပို့သော MRTV Satelliate Band စက်များ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


        အခမ်းအနားတွင် မာန်အောင်မြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်သူများ မှန်ကန်သော သတင်းအချက် အလက်များ ရရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော မိုးလေဝသခန့်မှန်းချက် သတင်းများအား ပြည်သူများ သိရှိနိုင်စေရန် MRTV Satelliate Band စက်များ ထောက်ပံ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


         ထိုနောက် ဗိုလ်မှူးချုပ် ကျော်ကျော်ဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုးတို့ကMRTV Satelliate Band အလုံး (၅၀)အား ရပ်ကွက်/ကျေးရွာအုပ်စုနှင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။ 


          အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများစုစုပေါင်း(၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

 

ဦးသိန်းဖေ

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)