Pages

Pages

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy တွင် ပညာသင်ယူနေမှုများ ကြည့်ရှုစစ်ဆေး



MNP ၊ ဇွန် ၁၀

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က Naypyitaw State Academy သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာ သင်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ဒုတိယနှစ်ဝက် ပညာသင်ကာလအစကတည်းက အပတ်တကုတ် သင်ယူလေ့လာကြစေလိုကြောင်း၊ ဆရာ ဆရာမများ သင်ကြားသည်ကို နားလည်သည်အထိ သင်ယူမှတ်သားရမည်ဖြစ်သကဲ့သို့ အင်တာနက် နှင့် စာကြည့်တိုက်မှ ဖြည့်စွက်လေ့လာကြရမည်ဖြစ်ကြောင်း၊ ဘဝရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး ရည်မှန်းချက် ပေါက်မြောက်အောင်ကြိုးစားလျှင် အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် အားကစားခန်းမသို့သွားရောက်ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ပံ့ပိုး ထားသော အားကစားပစ္စည်းများကိုကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများ အားလပ်ချိန်တွင် လာရောက်ကစားမှုများကို အားပေးရန်မှာကြားကာ စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုသည်။


ယင်းနောက် အစည်းအဝေးခန်းမတွင် ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးကာ ကျောင်းသား ကျောင်းသူများအား အမှန်တကယ် ထူးချွန်ထက်မြက်အောင် သင်ကြားလေ့ကျင့်ပေးရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment