ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ပေါက်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိ PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများအား ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ပေါက်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိ PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများအား ပြစ်ဒဏ်ချမှတ်


MNP ၊ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် ဖမ်းဆီးရမိထားသော အကြမ်းဖက်သမားများအား ၃၁-၅-၂၀၂၃ ရက်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများအား ငွေကြေးများ အကြိမ်ကြိမ်ထောက်ပံ့ပေးခဲ့သော တရားခံများဖြစ်သည့် ဇော်ဝင်းထွန်း နှင့် နိုင်လင်းကျော် အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ  ထောင်ဒဏ် တစ်သက်စီ ချမှတ်ခဲ့သည်။

ပေါက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို PDF အကြမ်းဖက်သမားများထံ သတင်းပေးခဲ့သော တရားခံ ဇာနည်အောင် အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့သည်။

ပေါက်မြိုနယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်စခန်းတွင် ကင်းစောင့်ပေးခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ချစ်ကိုအောင် အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နှင့်  ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့သည်။

ပေါက်မြိုနယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများအား ငွေကြေးများ အကြိမ်ကြိမ် ထောက်ပံ့ပေးခဲ့သူ တရားခံ မြင့်ဌေး အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၂၅) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအသီးသီးဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)