ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂ဦး၏ ဖော်ထုတ်ချက်အရ PDF (၇)ဦးအား လက်နက်၊ ခဲယမ်းများနှင့်အတူ ထမ်မံဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂ဦး၏ ဖော်ထုတ်ချက်အရ PDF (၇)ဦးအား လက်နက်၊ ခဲယမ်းများနှင့်အတူ ထမ်မံဖမ်းဆီးရမိ



MNP ၊ ဇွန် ၂ 

စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေး အဖွဲ့ဝင်များထံသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်၂ ဦးသည် ယနေ့ နံနက် ၂ နာရီတွင် အလင်းဝင်ရောက် လာခဲ့ကြောင်း သိရှိရပါသည်။

အလင်းဝင်ရောက်လာသူ ၂ ဦး၏ ဖော်ထုတ်ချက်အရ အကြမ်းဖက်သူများသည် ကျောက်ဆည်ကျေးရွာအနီး၌ အခြေပြု၍ လှုပ်ရှားလျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ နံနက် ၅ နာရီခန့်တွင် သွားရောက်ရှင်းလင်းခဲ့ရာ ကျောက်ဆည်ကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ တောအတွင်းသို့ ရောက်ရှိ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် မင်းမင်းစိုး ၂၀ နှစ်၊ ပိုင်ဇေ ၂၄ နှစ်၊ ညီညီလတ် ၁၆ နှစ်၊ ဟိန်းမင်းစိုး ၁၆ နှစ်၊ တင်လင်းအောင် ၃၅ နှစ်၊ နေပိုင်စိုး ၄၃ နှစ်၊ ဖြိုးဝေ ၁၇ နှစ် တို့အား လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း(ဘက်မပါ) ၆ စုံ၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ဖုန်း ၈ လုံး၊ ၁၂ ဗိုဘတ္ထရီ ၁ လုံး၊ ဆားကစ်ပြား ၂ ခု၊ ၁၀၀ လုံးပါ ဘောစေ့ထုပ် ၁ထုပ်၊ ကျောပိုးအိတ် ၁ လုံး၊ သံဆူးချွန်၃ ချောင်း၊ နိုင်လွန်ကြိုး(အရှည် ၅၀ဝ ပေ) ၃ခွေ၊ ဆေးပစ္စည်း(မျိုးစုံ) ၁ဖာ၊ မီးကြိုး(အရှည် ၅၀ဝ ပေ) ၂ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူများ ဖွဲ့စည်းထားသော NUG အကြမ်းဖက်အဖွဲ့အနေဖြင့် အရွယ်မရောက်သေးသည့် ကျောင်းသားလူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချနေပြီး ဗုံးဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ငွေပေး၍ ကြေးစားအကြမ်းဖက်သမားများအဖြစ် အသုံးချနေကြခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)