Pages

Pages

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား လုံခြုံရေးတပ်ဖွဲ့က ဖော်ထုတ်ရှင်းလင်း



MNP ၊ ဇွန် ၂ 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား ယမန်နေ့က လုံခြုံရေးတပ်ဖွဲ့က ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာအနီး တဝိုက်တွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီးတဝိုက်တွင် အပြစ်မဲ့ပြည်သူများအား ထိခိုက် သေကြေစေရန် ရေစကြို-ချောင်းဦးသွားကားလမ်းဘေးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်း မျိုးစုံ ၃၃ လုံး နှင့် ဝါယာကြိုး ၁ ခွေတို့အား အောင်မြင်စွာ ဖော်ထုတ်ရှင်းလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment