Pages

Pages

PDF အကြမ်းဖက်သမားတစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ရန် မိုင်းဆင်ရင်း မိုင်းကွဲသေဆုံး

 


MNP ၊ ဇွန် ၁၁

ပြည်ပြေး ဝရမ်းပြေး NUG(NLD) ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော်မှုနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး ရွှေဘိုမြို့နယ်တွင် မိုင်းဆင်ရင်း သေဆုံးသွားကြောင်း သိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍ Z Figher အမည်ခံ အကြမ်းဖက်အဖွဲ့က မေလ ၃၀ ရက်နေ့က ဝက်လက်မှထွက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် မင်းကုန်းကြီးရွာအနီးတွင် မိုင်းဆင်ရင်း အသက် ၂၂အရွယ် ၎င်းတို့၏ အကြမ်းဖက်သမားတစ်ဦး မိုင်းမတော်တဆပေါက်ကွဲကာ သေဆုံးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ကြိုးစားရင်း မိုင်းကွဲသေဆုံးခဲ့ရသူ၊ ဗုံးကွဲသေဆုံးခဲ့ရသူပေါင်း ၃၀ ထက်မနည်း ရှိခဲ့ပြီး ထိုသူများအတွက် ပြည်ပြေး ဝရမ်းပြေးများက ဝမ်းနည်းကြောင်းပင် ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။


#MyanmarNationalPost

No comments:

Post a Comment