Pages

Pages

မိုးမိတ်မြို့နယ်အတွင်းရှိ PDF အကြမ်းဖက်စခန်းတစ်ခုမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ







MNP ၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မဘိန်းအုပ်စု၊ ခွေးဟောင်ဒုံးရွာသို့ ယနေ့ နေ့လည်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် ရွာအဝင်၌ စခန်းချနေသော NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများသည် စစ်ကြောင်းအားတွေ့မြင်ပြီး ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ကြသည်။

အဆိုပါ NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ထွက်ပြေးရာနေရာအား ဝင်ရောက်စိစစ်ရှာဖွေရာ WY မူးယစ်ဆေးဝါး အလုံး ၁၀၀၀၀ ပါ အဝါရောင်ထုပ် - ၁၅ ထုပ်၊ သွပ်မိုး/ပျဉ်ကာ ခြေတံရှည် လူနေတဲ - ၂ လုံး၊ ဓနိမိုး/ပျဉ်ခင်း ကင်းတဲ - ၁ ခု၊ ဘယ်ရီဂိတ် - ၄ ခု၊  လူနေအိမ်များကို အကာကွယ်ယူတူးထားသော ဆက်သွယ်ရေးမြောင်း ၁ခု တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

တပ်မတော်ကို တော်လှန်မည်ဟူသော NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများသည် တပ်မတော်စစ်ကြောင်းလာသည့်အခါတွင် ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများကို နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာလျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment