Pages

Pages

PSGရဲ့ စိတ်ဝင်စားနေမှုကို ဒမ်ဘီလီ ငြင်းပယ်



MNP - ဇွန်  ၁၇


ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား အူစမာနီ ဒမ်ဘီလီက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး " PSG နဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလောက်ပြောနေရတာလဲဆိုတာ ကျွန်တော်မသိပေမယ့် PSG နဲ့ ဘာမှမရှိဘူးဆိုတာကို ယုံကြည်ပါတယ်" လို့ Marcaသတင်းဌာနသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ အသက် ၂၆နှစ်အရွယ် ပြင်သစ်သားရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀မှာ ဇူလိုင်လမှစပြီး အသက်ဝင်နေပြီးဖြစ်သော်လည်း ဒမ်ဘီလီဟာ အသင်းကနေ ထွက်ခွာဖို့ စိတ်ကူးမရှိပေ။


ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးဖို့ စတင်လုပ်ဆောင်နေပြီး ဒမ်ဘီလီကလည်း ဘာစီလိုနာမှာ ပျော်ရွှင်နေကြောင်း သိရသည်။


souce - Fabrizio Romano


မြန်မနေရှင်နယ်ပို့်စ်




No comments:

Post a Comment