Pages

Pages

မိုင်းပျဉ်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

 


MNP ၊    ဇွန်   ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်  ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်  ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက် −(၃) ဒေါ်ခင်သန္တာအောင်နှင့် ရုံးအကူ ဒေါ်နန်းဆိုင်လားတို့က ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဖြစ်ကြောင်း၊ ပလတ်စတစ်စတင်တီထွင် အသုံးပြုလာကြပုံအကြောင်း၊ ပလတ်စတစ်၏ ကြီးမားသောပြဿနာများ ဖြစ်ပွားလာပုံအကြောင်း၊  ပလတ်စတစ်လျော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်တီထွင် အသုံးချခြင်းအကြောင်း၊  ပလတ်စတစ်လျော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးကျေးဇူးများ အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်  ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူး ဆောင်ရွက်ခြင်းဖြစ်ပြီး  Lovely Minepyin Page တွင် လွှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။


ရန်နောင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment