Pages

Pages

မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပ


MNP ၊    ဇွန်   ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးတင်မောင်ဝင်း၊ ဦးမြင့်ကြည်၊ ဦးမြင့်ရွှေတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ခန္ဓာကိုယ်၌တွေ့နိုင်သော ဆေးသုံးစွဲနေသည့် လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိသော ဘေးအန္တရာယ်များအကြောင်းကို  ကျောင်းသားလူငယ်များ  နားလည်သိရှိစေရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဝင်းအိဇွန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment