Pages

Pages

တာမွေမြို့နယ်တွင် စာပေ၏တန်ဖိုးအကြောင်း အသိပညာပေးTalk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်





MNP ၊    ဇွန်   ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော စာပေ၏တန်ဖိုးအကြောင်း အသိပညာပေးTalk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

အဆိုပါ စာပေ၏တန်ဖိုးအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး)က သုတစာပေများမှ လူငယ်များအတွက်ပေးသော အသိဉာဏ်ပညာ ဗဟုသုတများ၊ ရသစာပေများမှ လူငယ်များအတွက်ပေးသော စိတ်အပန်းဖြေဖွယ်ရာ အကြောင်းအရာများ၊ စာပေ၏တန်ဖိုး ကြီးမားပုံများနှင့် ပတ်သက် ၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Showများကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ ပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment