ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီ ၂၅ ပါတီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီ ၂၅ ပါတီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရ


MNP ၊ ဇွန် ၁၁

၂၀၂၃ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ် ထုတ်ပြန်ပြီးနောက် ယခင်ဥပဒေအရ တည်ရှိနေသော နိုင်ငံရေးပါတီများ၊ အသစ်ထပ်မံတည်ထောင်လိုသော နိုင်ငံရေးပါတီများအနဖြင့် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ပြန်လည်တင်ပြခြင်းနှင့် အသစ်မှတ်ပုံတင်ခြင်းများကို ဥပဒေအရ ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားမှု ၆၀ကျော် အထိ ရှိခဲ့ရာ ၂၅ပါတီ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်သည်။

၂၀၂၃ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးထုတ်ပြန်ချက်အရ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်အမှတ် (၂၃)ဖြင့်လည်းကောင်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အား မှတ်ပုံတင်အမှတ်(၂၄)ဖြင့်လည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်အမှတ်(၂၅)ဖြင့်လည်းကောင်း ထုတ်ပြန်ထားသည်။

၂၀၁၀ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တည်ရှိခဲ့သောပါတီများအနက်မှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ပြဋ္ဌာန်းပြီး ဆက်လက်ရပ်တည်ရန် တင်ပြခြင်းမရှိသည့် နိုင်ငံရေးပါတီ (၄၀)ကျော်သည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီး ဖျက်သိမ်းခြင်းခံခဲ့ရသည်။ ဖျက်သိမ်းခံရသည့်အထဲတွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသော NLD ပါတီလည်း ပါဝင်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)