MNP ၊ ဇူလိုင် ၁၄
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (Biometric Data)အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက (Biometric Data) အချက် အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇွန်(၂၈)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကောက်ယူရန် ကျန်ရှိနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ အချက်အလက်များ စာရင်းကောက်ယူပြီး (Database)တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment