ဂွမြို့နယ် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် အခြေခံစာကြည့်တိုက်ပညာ သင်တန်းအား ဆင့်ပွါး ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် အခြေခံစာကြည့်တိုက်ပညာ သင်တန်းအား ဆင့်ပွါး ဖွင့်လှစ်




MNP ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ ဇွန်လ (၁၉)ရက်နေ့မှ  (၃၀)ရက်နေ့အထိ အခြေခံစာကြည့်တိုက် ပညာ(online)မှ သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များအနက် ကတ်တလောက် ရေးသွင်းနည်း ဘာသာရပ်အား ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက  ပြန်လည်ဆင့်ပွါးပို့ချသည့် သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင်  ယနေ့ မွန်းတည့်(၁၂) နာရီက ဖွင့်လှစ် သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းတွင် ကက်တလောက် ဘာသာရပ်မှ စာရေးသူ အမည်ဖြင့် ကတ်တလောက် ရေးသွင်းနည်း၊ စာအုပ်အမည်ဖြင့် ကတ်တလောက် ရေးသွင်းနည်းများကို ဝန်ထမ်း(၃)ဦးအား  စာတွေ့၊လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် ဇူလိုင်လ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့ထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)