MNP ၊ ဇူလိုင် ၁၃
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၁၃)ရက် နံနက်(၉)နာရီ က ကျိုက်ထိုမြို့နယ်အတွင်းရှိ စည်ပင်သာယာပြည်သူ့ဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊စည်ပင်သာယာရေးဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဈေးအတွင်း လှည့်လည်စစ်ဆေးရာ၌ စားသုံးဆီအမျိုးမျိုး၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ၊ စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိစေရေးနှင့် ဈေးရောင်းချသူပြည်သူများအား စားသုံးသူ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost





No comments:
Post a Comment