Pages

Pages

တာလေမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ


MNP ၊   ဇူလိုင် ၇

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နေ့လယ် ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


စာစီစာကုံးပြိုင်ပွဲကို မူလတန်းအဆင့်တွင် “တို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ အလယ်တန်းအဆင့်တွင် “မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ အထက်တန်းအဆင့်တွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၆)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ကဗျာပြိုင်ပွဲကို အလယ်တန်း အဆင့်တွင် “အာဇာနည်မြတ် မမေ့အပ်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃)ဉီး၊ အထက်တန်း အဆင့်တွင် “သမိုင်းမော်ကွန်းတင် ကိုးဦး အာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃)ဉီး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment