Pages

Pages

ချင်းပြည်နယ် ထန်တလန်မြို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်းသိမ်းတိုက်ပွဲ အောင်မြင်မှုမှတ်တမ်း





MNP ၊ ဇူလိုင် ၂၀

ချင်းပြည်နယ် ထန်တလန်မြို့နယ် တာဝါတိုင်ကုန်းရှိ အကြမ်းဖက် CDF စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ရာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ အကြမ်းဖက်သမား ၃လောင်း နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက်ရရှိခဲ့သည်။

ထန်တလန်မြို့နယ်၊ တာဝါတိုင်ကုန်း စခန်းသိမ်းတိုက်ပွဲမှ အကျိုးအမြတ် အနေဖြင့် CDF အကြမ်းဖက် အလောင်း ၃ လောင်း၊ အာရ်ပီဂျီ ၁ လက်၊ M-4 ၁ လက်၊ M-22 ၂ လက်၊ Sporting Rifle (မှန်ပြောင်းပါ) ၂ လက်၊ Sporting Rifle (မှန်ပြောင်းမပါ) ၄ လက်၊ MA-2  ၁ လက်၊ ၁၂ ဗို့သေနတ် ၁ လက်၊ ဘီအေ-၆၃ ကျည်အိမ် ၇ ခု၊ Sporting Rifle ကျည်အိမ် ၅ ခု၊ M-4 ကျည်အိမ် ၅ ခု၊ M-22 ကျည်အိမ် ၅ ခု -၃၀ တောင့်ဝင်ကျည်အိမ် ၅ ခု၊ M-22 ကျည် ၃၅၀၀ တောင့်၊ ၅.၅၆ မမကျည် ၂၅၀၀ တောင့်၊ ပွိုင့်-၃၁၅၈ ကျည် ၅၀ တောင့်၊ Sporting Rifle ကျည် ၁၁၀၀ တောင့်၊ လက်လုပ်မိုင်း ၁၀၁ လုံး၊ လက်လုပ်ယမ်းတောင့် ၁၆၈ ခု၊ ယမ်းမှုန့်(၂ပိဿာ)ခန့် ၁ ထုပ်၊ ကျည်ကာဦးထုပ်(ဖိုက်ဘာ) ၂၀ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၂ လုံး၊ လက်လုပ် Drop ဗုံး ဗုံးသီးမျိုးစုံ ၉၀ လုံး၊ အရှည် ၆၀ ကိုက်ခန့်ရှိ ယမ်းကြိုး ၁ ခွေ၊ အရှည် ၁၀၀ ပေခန့်ရှိ သွပ်ဆူးကြိုး ၉ ခွေ၊ ဒီတိုနေတာ ၁၉၀ ချောင်း၊ သစ်လုံးဘန်ကာ ၂ လုံး၊ ဆက်သွယ်ရေးမြောင်း ၇၅၀ ပေ၊ ၁၀ ယောက်အိပ်တဲ ၁ လုံး၊ အဆောက်အဦ(တာဝါတိုင်ရုံး) ၁လုံး၊ ပေ ၁၂၀၀ ခန့်ရှိ စည်းရိုး(သံဇကာ) ၁ ထပ်၊ နှစ်ယောက်ပစ်ကျင်း ၁ ကျင်း၊ ၁ ယောက်ပစ်ကျင်း ၄ ကျင်း၊ ဆိုင်ကယ် ၂ စီး၊  မီးစက် ၁ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၃ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment