Pages

Pages

အလုံမြို့နယ်လူမှုဖူလုံရေးရုံး၌ အလုပ်ခွင်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားဆောင်ရွက်


MNP ၊ ဇူလိုင် ၁၈

အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို  ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ၊ အလုံခရိုင်၊ အလုံမြို့နယ် လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးမှ ၂၀၁၂ခုနှစ် လူမှုဖူးလုံရေးဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးမှ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရန်ကုန်လျှပ်စစ်မာတ်အားရေးကော်ပိုရေးရှင်း ဓာတ်အား ဖြန့်ဖြူးရေးဌာန(မြောက်ဥက္ကလာပမြို့ (ရုံးတွဲဖက်)မှ အာမခံအလုပ်သမား ဦးရဲမင်းနိုင်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် နာရေးစရိတ်အပါအဝင် ကျန်ရစ်သူအကျိုးခံစား ခွင့်ငွေကျပ် ၉၉၀၀၀၀၀ကျပ် တိတိကို အာမခံအလုပ်သမား ဦးရဲမင်းနိုင်၏ဇနီး မနှင်းနန္ဒာကျော်အား ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်တင်ချို 

https://t.me/MyanmarNationalPost




No comments:

Post a Comment