Pages

Pages

ပေါင်မြို့နယ်၌မိုးသည်းထန်ရွာသွန်းမှုကြောင့် ဇင်းကျိုက်မြို့ မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော်






MNP ၊ ဇူလိုင် ၁၈

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဇင်းကျိုက်မြို့   မော်လမြိုင်-ရန်ကုန်ကားလမ်း ၌ ယနေ့ နံနက် ညနေ (၃း၃၀)နာရီကစတင်၍ ကားလမ်းရေကျော်ပြီးလူ‌နေအိမ်များသို့လည်း ရေများဝင်ရောက်နေကြောင်း သိရသည်။


ကားလမ်းရေကျော်၍လူနေအိမ်များသို့ရေဝင်ရောက်နေသည့်နေရာသို့ ရေအမြင့် နှစ်ပေခန့် ရေကျော်လျက်ရှိပြီး မော်တော်ယာဥ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များ ဖြတ်သန်း မောင်းနှင်မှုနှင့်‌လူနေအိမ်များသို့ရေဝင်ရောက်နေမှုကို ကို စောင့်ကြည့်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 


ရေဆက်လက်မြင့်တက်လာပါက ဘေးအန္တရာယ်ကင်းရှင်းစေရန် ယာဥ်များဖြတ် သန်းသွားလာမှုကို ခေတ္တဆိုင်းငံ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လူနေအိမ်များ၏ ပစ္စည်းများကို ကူသိမ်းဆည်းပေးလျက်ရှိကြောင်းသိရသည်။အလားတူမုတ္တမ‌‌ ကျေးရွာရှိ ဝါရီရူတွင်လည်း ရေများမြင့်တက်လာနေကြောင်းသတင်းရရှိပါသည်။


မွန်မလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment