Pages

Pages

မော်လမြိုင်ခရိုင် လူထုအ‌ခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်


MNP ၊ ဇူလိုင် ၁၈                        

 မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်၁၈ရက် နံနက်ပိုင်းက  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က မြန်မာတစ်မျိုးသားလုံးအတွက်  နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါ အဝင်ဖြစ်သည့် ဇူလိုင်(၁၉)ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊  မြန်မာတစ်မျိုးသားလုံးအတွက်  အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦး တို့၏  အတ္ထုပ္ပတ္တိများနှင့်  ယနေ့ခေတ်လူငယ်၊ လူရွယ်ကျောင်းသား၊ကျောင်းသူများအနေဖြင့်  အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော မျိုးချစ်စိတ်ဓာတ်များ  ထာဝစဉ်ကိန်းအောင်းနေစေရေး စသည်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်း ပြသထားသော အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးတို့၏အတ္ထုပ္ပတ္တိများ၊ စာဖတ်ရှိန်မြင့်မားစေရေး၊ မြေပြိုဘေးအန္တရာယ် သိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment