Pages

Pages

ပေါင်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ





MNP ၊ ဇူလိုင် ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်(၅)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ ပေါင်မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေး ဌာန တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ယနေ့နံနက်ပိုင်းက (အမက) ကဒုံးစီး၊(အမက) စကားဝါ၊ (အမက) စံတိုက်၊ (အမက) ဒေးဗိန်၊ (အမက) ကဒါမင်းတန်း၊ (အမက) ကဒါအထက်၊ (အထက) မင်းတန်း စသည့် ကျောင်းများ၌အသက်(၅)နှစ်အထက်  ကလေးငယ်များအား (Second Booster Dose)ကာကွယ်ဆေးများကို  ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထို့နောက်  ကာကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment