Pages

Pages

ပင်းတယ၌ စိန်တလုံးသရက်သီးများ စတင်ခူးဆွတ် ရောင်းချ




MNP ၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် စိုက်ပျိုးရောင်းချကြရာ ယခုအခါတွင် စိန်တလုံးသရက်သီးများ ရင့်မှည့်လာပြီဖြစ်၍ စတင်ခူးဆွတ် ရောင်းချနေကြပြီဖြစ်သည်။


ပင်းတယမြို့နယ်အနီးအနားကျေးရွာများတွင် စိန်တလုံးသရက်သီးပင်များကို ဧကအများအပြား စီးပွားဖြစ် စိုက်ပျိုးထားကြပြီး အပင်အများစုမှာ အကိုင်းဆက်စိုက်ပျိုးထားသည့် အပင်များဖြစ်ကြသည်။ အသီးများရင့်မှည့်လာချိန်တွင် စတင်ခူးဆွတ်၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အောင်ပန်းအစရှိသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချကြရာ ယခုနှစ်တွင် စိန်တလုံးသရက်သီး အရွယ်အစားပေါ်မှုတည်၍ (၁)လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်အထိရရှိပြီး စိန်တလုံးသရက်သီး (၂၅)လုံးပါ (၁)ဖာလျှင် ​(၂၀၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်အထိ ဈေးရရှိနေကြောင်း စိန်တလုံးသရက်သီးခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။


ရဲထက်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment