MNP ၊ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အထက ( ကြာနီကန် )ကျောင်း ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃ - ၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် လူရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်အထက ( ကြာနီကန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းသိန်းက မိဘဆရာအသင်း ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး လူရည်ချွန် ကျောင်းသူလေးအားဂုဏ်ပြုချီးမြှင့်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်း အသစ်ရွေးကောက် တင်မြှောက် အတည်ပြုခြင်းအစီအစဥ်ကိုကျင်းပပြုလုပ်၍လူရည်ချွန် ရရှိခဲ့သော Grade-12 ကျောင်းသူ မမြကေခိုင်ကျော်အားဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး လူရည်ချွန်ကျောင်းသူလေး မမြကေခိုင်ကျော်မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment