ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျေင်း ရွှေမြကွင်းတွင်(၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျေင်း ရွှေမြကွင်းတွင်(၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ



MNP ၊ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင်၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ခင်းကျင်းပြသခြင်းများကို နံရံကပ်စာစောင်၊ စာအုပ်များ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း ရွှေ​​မြကွင်းကျောင်းတွင် လှည့်လည်ဟောပြော ခင်းကျင်းပြသခဲ့ကြသည်။


ထိုသို့ ၂၀၂၃ ခုနှစ်၊  (၇၆)နှစ်မြောက်၊  အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက ကျောင်းသား၊‌ ကျောင်းသူကလေးများကို” အာဇာနည်ဆိုတာ အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်စွန့်ဝံ့သူ၊ ကိုယ့်အကျိုးထက် အများအကျိုးကို အမြဲစဥ်းစားပေးနေတတ်သူ၊ သတ္တိ၊ ဗျတ္တိနဲ့ပြည့်စုံ၍နေရာ၊ အချိန်ကာလအားလျော်စွာအသုံးချပြီး ပေါက်မြောက်အောင်မြင်သည့်အထိ ရဲဝင့်စွာဆောင်ရွက်တတ်သူဖြစ်ကြောင်း ပြောကြားပြီး အ.လ.က ရွှေမြကွင်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စုစုရည်က ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုမျာအကြောင်း၊ ဂဠုန်ဦးစော၏အာဇာနည်(၉)ဦးအား လုပ်ကြံသတ်ဖြတ်မှုများအကြောင်း” စသည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရေး အသိပညာပေးဟောပြောခဲ့ပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ  ခင်းကျင်းပြသရာ စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သား ဖတ်ရှုခဲ့ကြကြောင်း သိရသည်။


အောင်သူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)