ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်


MNP ၊ ဇူလိုင် ၂

သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့သစ် လုပ်ငန်းရုံးချုပ်ရှိ တော်ဝင်ခန်းမ၌ ကျင်းပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများအား ရေရှည်တည်တံ့စေ သည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး သယံဇာတ ထုတ်ယူ သုံးစွဲခြင်းအား သစ်တောကာကွယ်ထိန်းသိမ်းခြင်းကိုဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံး လိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိကြောင်း၊ ထွက်ရှိလာသောသစ်များကိုလည်း တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများရှာဖွေရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အရေးများ ဖန်တီးပေးရေးတွင် သစ်အခြေခံစက်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍမှာအရေးကြီးကြောင်း၊ ဇန်နဝါရီ (၁) ရက် မှစ၍ အခြေခံအဆင့်ခွဲသားများအား ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပြီး တစ်ဝက်တစ်ပျက်အချောထည်နှင့် အချောထည်များကိုသာတင်ပို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် သစ်အချောထည်များ ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိရေး၊ လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက် ချမှတ်အကောင်အထည်ဖော်ရေး အထူးကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်အ‌ခြခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကအခန်းကဏ္ဍမှာ အရေးကြီးသည့်အတွက် ဌာနနှင့်လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်၍ Teamwork ဖြင့် ဆောင်ရွက်သွားရန်နှင့် နည်းပညာ/လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများလေ့လာ သုံးသပ်ရေးနှင့် ပြင်ဆင်ရေးဆိုင်ရာကိစ္စများ၊ ထုတ်လုပ်မှု၊ ဈေးကွက်နှင့် နည်းပညာဆိုင်ရာ ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်အခွန်အခဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)