Pages

Pages

တောင်ငူမြို့တွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး


နေပြည်တော်၊ ဇူလိုင် ၁၈ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ဘုရင့်နောင်ရုပ်ထုနောက်ကျောရှိ မီးရထားသံလမ်းပေါ် တွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ 

ယနေ့နံနက် ၆ နာရီအချိန်တွင် တောင်ငူမြို့မြောက်ဘက်အထွက်၊ မြို့အဝင် မီးရထားသံလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှု ကူညီရေးအသင်းမှ သွားရောက်ဆောင်ခဲ့ကြောင်း သိရသည်။ 

ရထားလာနေစဉ် ရထားလမ်းကို ဖြတ်ကူးရာမှ အတိုက်ခံရခြင်းဖြစ်ပြီး ရထားတိုက်ခံရသည့် အမျိုးသားမှာ လက်ရှိအချိန်တွင် အမည်၊ နေရပ်လိပ်စာတို့ သိရှိရခြင်းမရှိကြောင်း၊ နန်းတော်ဦးနှင့် ကရုဏာရင်ခွင်ပရဟိတအသင်းမှ သွားရောကကူညီခဲ့ပြီး ရုပ်အလောင်းကို တောင်ငူဆေးရုံရေခဲတိုက်ထဲသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။ 


Photo – Credit

#MyanmarNationalPost

No comments:

Post a Comment