Pages

Pages

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)သို့ တက်ရောက်




MNP ၊ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၃)ကို ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး MSME Agency နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး MSME Agency နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကို ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများ၏ (၉၀%)ကျော်ရှိနေသဖြင့် မြန်မာနိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်ဖြစ်နေပြီး နိုင်ငံလူဦးရေ၏ လေးပုံသုံးပုံကို MSME လုပ်ငန်းများမှ အလုပ် အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးနေသည့်အတွက် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများမှာ MSME များ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသောနေရာတွင် ရှိနေခြင်းဖြစ်ပါကြောင်း၊ MSMEs ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြား စသော စီးပွားရေးလုပ်ငန်းများ အားလုံး အကျုံးဝင်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာနများတွင် တရားဝင် မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းစုစုပေါင်း (၂၂၅၃၂)ခုရှိပြီး၊ MSMEs လုပ်ငန်းရှင်များကို  SME Member Card ထုတ်ပေးမှုအနေဖြင့် အသေးစား (၂၉၃၂)ခု၊ အလတ်စား(၂၆၇)ခု၊ စုစုပေါင်း (၃၁၉၉)ခု ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားမှုမှာ  မကွေးတိုင်းဒေသကြီးအနေဖြင့် စားသုံးဆီနှင့် ချည်ထည်ပစ္စည်း အများဆုံးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဒေသထွက်ကုန်ကြမ်းကို အခြေခံသည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လို့ မှာကြားသွားသည့်အတွက် လမ်းညွှန်မှာကြားခဲ့သသည့်အတိုင်း မကွေးတိုင်းဒေသကြီး MSME အေဂျင်စီမှာ ပါဝင်သော အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီးဖြစ်၍ တက်ရောက်လာသည့် အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် စိတ်ပါဝင်စားစွာနဲ့ မိမိတို့ တိုင်းဒေသကြီးအတွင်းမှာရှိသော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး MSME Agency အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က MSME ဗဟိုကော်မတီ၊ MSME လုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး MSME Agency တို့၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ MSME Agency အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးများက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး၊ တင်ပြဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီး MSME Agency နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment