မန္တလေးမြို့၊ မဟာမုနိဘုရားကြိး (၉၅)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော် ကွင်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့၊ မဟာမုနိဘုရားကြိး (၉၅)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော် ကွင်းဖွင့်ပွဲ ကျင်းပ




MNP ၊ ဇူလိုင်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး(၉၅)ကြိမ်မြောက် ဝါဆိုခြင်း အလှခတ်ပွဲတော် ကွင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အနောက် ၄၅ တာရှိ ဝါဆိုခြင်းလုံးအားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝါဆိုခြင်း အလှခတ်ပွဲတော် လက်ရွေးစင်ခြင်း အသင်းများမှ အားကစားသမားများ၊ ခြင်းပညာရှင်များ၊ ခြင်းဝါသနာရှင် များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ရွေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြ သည်။ ထိုနောက် မြန်မာရိုးရာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အစဉ်တစိုက် ထိန်းသိမ်း ကျင်းပလာခဲ့သည့် ဝါဆိုခြင်း အလှခတ်ပွဲတော် ကွင်းဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပြီး ကွင်းဖွင့်ပွဲ အမျိုးသမီးအဖွဲ့နှင့် အမျိုးသားအဖွဲ့တို့က ခြင်းအလှခတ် ကစားပြသခြင်းကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ ပိဋကတ်တိုက်ပြခန်းသို့ သွားရောက်၍ ပြခန်းအား အဆင့်မြှင့် တင်ပြုပြင် မွမ်းမံတည်ဆောက်ပြီးစီးမှု အခြေအနေ၊ ပြသပစ္စည်းများ၏ ရှင်းလင်းချက် စာသားများကို မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ဖတ်ရှုနိုင်သည့်အပြင် QR စနစ်များဖြင့် လေ့လာဖတ်ရှုနိုင်ရန်နှင့် E-Library အခန်း အတွင်း၌လည်း အကြောင်းအရာအပြည့်အစုံ ကို လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းနှင့် အဆိုပါပြခန်း၌ ပေစာထုပ် စုစုပေါင်း ၂၁၂၇ ထုပ်၊ ကမ္မဝါထုပ် စုစုပေါင်း ၂၂ ထုပ်နှင့် ပုရပိုက် စုစုပေါင်း ၇၁ ထုပ်တို့ကို စနစ်တကျ ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)