MNP ၊ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့မစျေးအတွင်းရှိ စျေးဆိုင်၊ကုန်စုံဆိုင်နှင့် လူသုံးကုန် / အလှကုန် ဆိုင်များဘေးအန္တရာယ်ကင်းရှင်းရေး ရှောင်တခင်စျေးကွက် ထောက်လှမ်းစောင့်ကြည့်ခြင်းနှင့် အစားအသောက်နမူနာ ကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တိုင်းဦးစီးမှူး ဒေါ် မေသန်းနိုင်နှင့်ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင် တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အစားအသောက်နှင့်ဆေးဝါးများကြီးကြပ်မှုကော်မတီပါ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြန် / ဆက်ဦးစီးဌာနနှင့် တာဝန်ရှိသူများပါဝင်သည့်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment