ဂွမြို့နယ်၌ ကျေးရွာတောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ ကျေးရွာတောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်







MNP ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ကျေးရွာနေ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မေလအတွင်းမြန်မာနိုင်ငံအတွင်းသို့မိုခါမုန်တိုင်းဝင်ရောက်၍ဟင်းသီး၊ဟင်းရွက်စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုရှိသည့်အတွက် အမြန်ဆုံး ပြန်လည်အစားထိုးနိုင်ရန် ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မျိုးစေ့များအား မြို့နယ်တွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မီးဖိုချောင်သုံး စရိတ်သက်သာစေပြီး ကိုယ်တိုင်စိုက်ပျိုးထားသည့်အတွက် ဓါတုကင်းလွတ်သီးနှံဖြစ်ပြီးအစား အစာများ ဘေးအန္တရာယ်ကင်းရှင်းစေသည့် အတွက် တောင်သူများ  အနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို အလေအလွင့်မရှိအောင် စနစ်တကျ စိုက်ပျိုးကြစေလို​ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက ဟင်းသီး ဟင်းရွက်မျိုးစေ့များ ပေးအပ်ရခြင်း၏  ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ တောင်သူများကိုယ်စား  ရဟိုင်ကူးတို့ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျေးရွာ တောင်သူများကိုယ်စား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ မျိုးစေ့ အမယ်ပေါင်း(၁၉)မျိုး၊ စုစုပေါင်း မျိုးစေ့ထုပ်(၁၉၅၂)ထုပ်အား ပေးအပ်ခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)