ထန်းတပင်မြို့နယ်တွင် ဘောင်စနစ်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ဘောင်စနစ်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲကျင်းပ



MNP ၊ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးစိုက်ပျိုးရာတွင် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ဘောင်စနစ်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြပွဲကို ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာရှိ တောင်သူဦးသန်းတင်၏ လယ်ယာမြေကွင်းအမှတ်(၁၇၅/B)၊ ဦးပိုင်(၂၀/က)လယ်ယာမြေဧက(၁၂)ဧကတွင် ကျင်းပပြုလုပ်သည်။


ဘောင်စနစ်ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသပွဲတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်နိုင်ဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့်တာဝန်ရှိသူများက ဘောင်စနစ်ဖြင့် စိုက်ပျိုးသည့်တောင်သူများကို သွင်းအားစုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘောင်စနစ်ဖြင့်မိုးစပါးကို လက်တွေ့စိုက်ပျိုးပြသပေးသည်။


ဘောင်စနစ်ဖြင့် စပါးစိုက်ပျိုးရာတွင် မျိုးစေ့နှုန်းထားကုန်ကျမှုများသက်သာခြင်း၊ အပင်သက်တမ်း တစ်လျောက်တွင်ရေသွင်း၊ ရေထုတ်ဆောင်ရွက်နိုင်ပြီး ပိုးမွှားရောဂါကာကွယ်နိုင်ခြင်း၊ ပျိုးနှုတ်မှုလွယ်ကူကာ ပျိုးပင်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေခြင်း၊ ပျိုးပင်များသန်မာ၍ အပင်အရွယ်အစား ညီညာကာ အပင်ငယ်စဉ်တွင် ပျိုးပင်ကြီးထွားမှုများမြန်ပြီး ပေါင်းမြက်ပေါက်ရောက်မှုများကိုပါ သက်သာစေကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဇင်မင်းထိုက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)