Pages

Pages

ပုဏ္ဏားကျွန်းမြိုနယ် စပါးထားကျေးရွာ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်







MNP ၊ ဇူလိုင် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာ၊ အထက(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


   ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်း တက်ရောက် အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက “ဘက်စုံထူးချွန် လူရည်ချွန်” ခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများစွာ ကြွယ်ဝပြီး၊ ဘက်စုံထူးချွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန် သုတ၊ ရသစာပေများကို လေ့လာဖတ်ရှုကြရမည့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


 ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေး က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ပညာထက်မြက်စေရေးအတွက် အားကစားနည်းများကို အားလပ်ချိန်တွင် အကျိုးရှိရှိ အသုံးချကြစေရေးအတွက် အားကစားကဏ္ဍဆိုင်ရာ အသိပညာ ဗဟုသုတများကို ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment