Pages

Pages

မိုးညှင်းမြို့ ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ





MNP ၊   ဇူလိုင် ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၃ ရက်နေ့ နံနက်(၉)နာရီမှစတင်၍ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ တက်ရောက်လာကြသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှငါးပါးသီလကို ခံယူဆောက်တည်ကြကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်း လျှောက်ထားတော်မူပြီး ခရိုင်အတွင်းပြိုင်ပွဲဝင် ဝတ်ရွတ်အသင်း (၄)သင်းအား အလှည့်ကျရွတ်ဆို၍ ပြိုင်ပွဲအား ကျင်းပခဲ့သည်။


ထို့နောက် ညနေပိုင်းတွင် ပြိုင်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်သည့် ဆရာတော်သုံးပါးမှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကအသင်းလိုက်ရွတ်ဆိုမှုများအပေါ် သုံးသပ်ပြောကြားပြီး အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိသည့် ဝတ်ရွတ်အသင်းများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment