MNP ၊ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက လက်ပန်လှကျေးရွာအုပ်စု၊ ရုံးပင်ကုန်းအခြေခံပညာမူလတန်းကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ရုံးပင်ကုန်း(အမက) ကျောင်းတွင် ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူ (၂၀၅)ဦးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရပြီး ဆေးထိုးရန် ကျန်ရှိသည့် အခြေခံပညာကျောင်းများကိုလည်း သတ်မှတ်နေ့ရက်များအလိုက် ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment