Pages

Pages

ကျိုက်ထိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သွားရောဂါကျန်းမာရေးအသိပညာပေး




MNP ၊ ဇူလိုင် ၁၀

   မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရာပြည့်ခန်းမ၌ သွားရောဂါကျန်းမာ ရေးအသိပညာပေး ဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။

 

    ဆွေးနွေးပွဲတွင် သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးနိုင်ဦး မှ ကလေးများ၏သွားကျန်းမာ‌ရေး၊သွားတိုက်နည်းစနစ်မှန် နှင့် အစာစားပြီး သွားများသန့်စင်သွားအောင်ခံတွင်းနှင့်သွားများကို သန့်စင်၍ ဆေးကြောဖို့လိုကြောင်း ပြောကြားခဲ့သည်။


    ယင်းနောက် ကျောင်းသား၊ကျောင်းသူများကသွားပိုးစားရခြင်း၊ငယ်သွားကျိုးပြီးနောက် ပြန်လည်မပေါက်ခြင်း၊ပြန်လည်ပေါက်ရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများကို မေးမြန်းခဲ့ကြရာ ဒေါက်တာမျိုးနိုင်ဦး မှ အသက်အရွယ်အလိုက် သွားပြန်လည်ပေါက်နိုင်သူရှိသလို မပေါက်နိုင်သူများရှိကြောင်း မိမိ၏သွားများ သည် မိမိ အားအ‌‌ထောက်အကူပြုလျက်ရှိ၍အထူးဂရုစိုက်ရန်ရှင်းလင်းပြောကြားခဲ့‌ ကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment