Pages

Pages

သံတွဲမြို့ အ.ထ.က (၁) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ ကျင်းပ

 






MNP ၊ ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို အ.ထ.က (၁) ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ဆက်လက်၍ ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အ.ထ.က (၁) ကျောင်းအုပ်ကြီးကိုယ်စား ဆရာမဒေါ်ဝင်းဝင်းတင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကောင်စီ ဒု-ဥက္ကဋ္ဌ အထက်တန်းပြဆရာမ ဒေါ်မိုးမိုးတင်က ကျောင်းကောင်စီ အမှုဆောင် အဖွဲ့အမည်စာရင်းကို ဖတ်ကြား ခဲ့သည်။ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံးသစ္စာခံယူခြင်းကို Grade 12 မှ ကျောင်းကောင်စီအတွင်းရေးမှူး မောင်မင်းခန့်ဦးက ဦးဆောင်တိုင်ကြားသည်။


ထို့နောက် တာဝန်အထိမ်းအမှတ် အလံများပေးအပ်ခြင်းနှင့် လက်ခံရယူခြင်းကို ကျောင်းအုပ်ကြီးကိုယ်စား ဆရာမဒေါ်ဝင်းဝင်းတင်က ပေးအပ်ကာ အသင်း ခေါင်းဆောင်များက အသီးသီး လက်ခံရယူခဲ့သည်။ ၎င်းနောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။


နေမျိုးအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment