Pages

Pages

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဈေးဆိုင်များတွင် စားဆီနှင့်အချိုရည်မျိုးစုံအရောင်းဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး




MNP ၊ ဇူလိုင် ၁၂

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များနှင့်မြို့မဈေးအတွင်း ရောင်းချလျက်ရှိ သော စားဆီနှင့်အချိုရည်မျိုးစုံအရောင်းဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိတို့ကို ယမန်နေ့၊ ညနေ(၃)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


   ထိုသို့စစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လှ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးဆိုင်များတွင် တံဆိပ်အမျိုးမျိုးကပ်၍ မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီ များတွင် စံမညီသည့်စားသုံးဆီနှင့်ရောဆီများ ရောင်းချခြင်းရှိ/မရှိ၊ အချိုရည်ဗူးများတွင် ကလေးငယ်များ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထုတ်လုပ်ကုန်တံဆိပ်နှင့် ရိုးရိုးရေ၊ ပါဝါသကြား၊ အနံ့တုများနှင့်ခွင့်မပြုသော ဆိုးဆေးများ ထည့်သွင်းထုတ်လုပ်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကာ ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြပြီး၊ ပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။


 ပုဏ္ဏားကျွန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး၊ လုံခြုံစိတ်ချစွာ ဝယ်ယူ စားသုံးနိုင်ရေးအတွက် ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား လစဉ်ပုံမှန်စစ်ဆေးလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment