Pages

Pages

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲကျင်းပ


MNP ၊ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၌ မိုးရာသီပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် (၈)နာရီအချိန်က ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ နည်းပညာတက္ကသိုလ် (တောင်ငူ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းမွန်က `` ကျောင်းသား ကျောင်းသူများသည် ခေတ်မီအင်ဂျင်နီယာဘာသာရပ်များကို ဆည်းပူးရင်း ကိုယ်ကာယကျန်းမာကြံ့ခိုင်၍ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တက္ကသိုလ်လက်ရွေးစင်မှသည် ခရိုင်၊ တိုင်းဒေသကြီးနှင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် တက္ကသိုလ်၏ ပျော်ရွှင်နှစ်လိုဖွယ်ဓလေ့စရိုက်များသိရှိလာစေရန် ရည်ရွယ်၍ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်း ´´ အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြပြီး တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါ အားကစားပြိုင်ပွဲတွင် အားကစားနည်း(၄) နည်းဖြစ်သော ဘောလုံး၊  ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်အားကစားနည်းများပါဝင်ကာ ဇူလိုင် ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဆက်လက်ယှဥ်ပြိုင်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမား ကျောင်းသားကျောင်းသူ (၁၂၀)ဦး ပါဝင်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။


ဇော်ကိုကို 

https://t.me/MyanmarNationalPost




No comments:

Post a Comment