ရွှေပြည်သာမြို့နယ်၌အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်



MNP ၊ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေမျာကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီအချိန်တွင် အမှတ်(၂၇)ရပ်ကွက်ရှိ အသက်(၈၅)အထက် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အိမ်တိုင်ရာရောက်‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ရွှေပြည်သာမြို့နယ်၌ ထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင်၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် (၃၀၀၀၀)နှုန်းဖြင့် ရပ်ကွက်(၂၃)ရပ်ကွက် ကျေးရွာအုပ်စု(၄)စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ(၂၇)ခုရှိ သက်ကြီးဘိုးဘွား(၈၈၀)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း(၂၆၄)သိန်းအား လက်ဝယ် အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


နေမျိုးထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)