Pages

Pages

အထက(ပေါက်တော)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာပြိုင်ပွဲများ ကျင်းပ






MNP ၊   ဇူလိုင် ၅

(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပေါက်တောမြို့ရှိ အထက(ပေါက်တော)၌ ကျောင်းသား ကျောင်းသူများ  စာစီစာကုံး၊ကဗျာပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်း၌ ကျင်းပရာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်း နှင့် ဆရာ ဆရာမများက လိုက်လံကြည့်ရှု အားပေးကြသည်။


အဆိုပါ ပြိုင်ပွဲများတွင် အထက(ပေါက်တော)မှ အထက်တန်းအဆင့်စာစီစာကုံပြိုင်ပွဲတွင် “ လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ အလယ်တန်းအဆင့်စာစီစာကုံပြိုင်ပွဲတွင် " မမေ့စဥ်လာ အာဇာနည်နေ့ အချိန်အခါ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ကဗျာ ပြိုင်ပွဲတွင် "အာဇာနည်မြတ် မမေ့အပ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "တို့များ မမေ့နိုင် ၁၉ ဇူလိုင်" ခေါင်းစဥ်ဖြင့် ​လည်းကောင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၈ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost





No comments:

Post a Comment