Pages

Pages

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေါက်တောမြို့နယ်ရှိ မိုခါ မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ကျေးရွာများအား ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး ထောက်ပ့ံပေးအပ်






MNP ၊ ဇူလိုင် ၁၀

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာ နှင့် အဝကံကျေးရွာရှိ မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၂ မျုိး ထောက်ပ့ံပေးအပ်ပွဲကို ယနေ့ နံနက် ပိုင်းတွင် အဆိုပါကျေးရွာများ၌ ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်သီတာမျိုးထွန်း၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုး နှင့် တာဝန်ရှိသူများ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။


ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်သီတာမျိုးထွန်း၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုး  နှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်တောင်ညိုကျေးရွာ နှင့် အဝကံကျေးရွာရှိ မုန်တိုင်းသင့် ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး အိမ်ထောင်စု ၇၉ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၂ မျုိးကို ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment